ဝန္ဒာမိ

vandāmi cetiyaṃ sabbaṃ, sabbaṭṭhānesu patiṭṭhitaṃ. Ye ca dantā atītā ca, ye ca dantā anāgatā, paccuppannā ca ye dantā, sabbe vandāmi te ahaṃ.

Saturday, October 05, 2024

အသမ္ဘိန္န ဓာတ်တော်ခုနစ်ဆူ

ဥဏှီသံ စတာ ဒါဌာ၊ အကွကာ ဒွေစ ဓာတုယော။ • အသမ္ဘိန္နာ ဣမာ သတ္တ၊ သေသာ ဘိန္နာဝ ဓာတုယော။ ဥဏှီသံ - သင်းကျစ်တော်၄င်း၊ စတာဒါဌာ - စွယ်တော်လေးဆူတို့၄င်း၊ ဒွေအကွကာ … - ညှပ်ရိုးတော်နှစ်ဆူတို့၄င်း၊ သတ္တ - ခုနစ်ဆူကုန်သော၊ ဣမာဓာတုယော - ဤဓာတ်တော်တို့သည်၊ အသမ္ဘိန္နာ သေသာ ဓာတုယော ဘိန္နာဝ - မကွဲမပြိုသော အသမ္ဘိန္နဓာတ်တော် တို့တည်း၊ - ကြွင်းကုန်သော၊ - ဓာတ်တော်တို့သည်၊ - ပြိုကွဲကုန်သည်သာလျှင်တည်း။ သင်းကျစ်တော်၊ ညှပ်ရိုးတော်များတည်ရာ ဥဏှီသံ သီဟဠဒီပေ၊ ဗြဟ္မလောကေ ဝါမကံ။ သီဟဠေ ဒက္ခိဏက္ခဥ၊ သဗ္ဗပေတာ ပတိဋ္ဌိတာ။ ဥဏှီသံ - သင်းကျစ်တော်သည်၊ သီဟဠဒီပေ - သီဟိုဠ်ကျွန်း၌၊ ဝါမကံ - လက်ဝဲညှပ်ရိုးတော်သည်၊ ဗြဟ္မလောကေ- ဗြဟ္မာပြည်၌၊ ဒက္ခိဏက္ခဥ - လက်ျာညှပ်ရိုးတော်သည်လည်း၊ သီဟဠဒီပေ - သီဟိုဠ်ကျွန်း၌၊ တာသဗ္ဗာ - ဤအလုံးစုံသောဓာတ်တော်တို့သည်၊ ပတိဋ္ဌိတာ - တည်ကြကုန်၏။