Anekajātisaṃsāraṃ sandhāvissaṃ anibbisaṃ gahakāraṃ gavesanto dukkhā jāti punappunaṃ Gahakāraka diṭṭho'si puna gehaṃ na kāhasi sabbā te phāsukā bhaggā gahakūṭaṃ visaṅkhataṃ visaṅkhāragataṃ cittaṃ taṇhānaṃ khayamajjhagā (The Dhammapada, verses 153-154) (Vandāmi cetiyaṃ sabbaṃ, sabbaṭṭhānesu patiṭṭhitaṃ. Ye ca dantā atītā ca, ye ca dantā anāgatā, paccuppannā ca ye dantā, sabbe vandāmi te ahaṃ.)
သာဓိကာရ ပဋိဝေဒနာ
သာဓိကာရ ပဋိဝေဒနာ © ၂၀၂၁ ဘိက္ခု ဓမ္မသမိ (ဣန္ဒသောမ) သိရိဒန္တမဟာပါလက-ကာယာလယ. သဗ္ဗေ အဓိကာရာ ရက္ခိတာ.
ဣဒံ သာသနံ တဿ အတ္ထဉ္စ အာယသ္မတော ဓမ္မသာမိဿ ဉာဏသမ္ပတ္တိ ဟောန္တိ၊ ယေန ကေနစိ ပုဗ္ဗာနုညာတံ လိခိတ-အနုမတိံ ဝိနာ န ပုန-ပ္ပကာသေတဗ္ဗံ န ဝိတ္ထာရေတဗ္ဗံ ဝါ.
ဝန္ဒာမိ
If you accept guardianship of a sacred object, you accept a duty of truthful record-keeping about its fate.
ဝန္ဒာမိ ဘန္တေ
ဝန္ဒာမိ ဘန္တေ သဗ္ဗံ အပရာဓံ ခမထ မေ ဘန္တေ မယှာ ကတံ ပုညံ သာမိနာအနုမောဒိတဗ္ဗံ သာမိနာ ကတံ ပုညံ မယှံ ဒါတဗ္ဗံ သာဓု သာဓု အနုမောဒါမိဝန္ဒာမိ ဘန္တေ။
ဝန္ဒာမိ
Namo Buddhassa.
Namo Dhammassa.
Namo Sanghassa.
Namo Matapitussa.
Namo Acariyassa.
ဝန္ဒာမိ စေတိယံ
ဝန္ဒာမိ စေတိယံ သဗ္ဗံ၊ သဗ္ဗဋ္ဌာနေသု ပတိဋ္ဌိတံ။ ယေ စ ဒန္တာ အတီတာ စ၊ ယေ စ ဒန္တာ အနာဂတာ၊ ပစ္စုပ္ပန္နာ စ ယေ ဒန္တာ၊ သဗ္ဗေ ဝန္ဒာမိ တေ အဟံ။
Total Pageviews
Friday, October 11, 2024
အကျွန့်ဆုတောင်း
Group Work and Presentation လေးတွေလုပ်ကြ
ခန္ဓာ ဖွဲ့ကြ
အာယတန ခွဲကြ
ငြင်းကြ
ဟုတ်တယ်လို့ထောက်ခံကြ
မဟုတ်ဘူးလို့ ရဲရဲတင်းတင်းထောက်ပြကြရင်း
အချင်းချင်းကြားထဲ သင်ယူမူပေါ့
စာသင်သားအချင်းချင်းဆိုတော့ ပိုရှင်းပြဖို့ မေးဖို့ ဆွေးနွေးဖို့ ရဲတင်းကြတယ်ပေါ့
စိတ်ပါဝင်စားမူ မြင့်တင်လာတယ်ပေါ့
Critical and Logical အားကောင်းလာတယ်ပေါ့
Apply ဘက်ကိုပိုပြီး တွန်းအားပေးဖြ်စတဲ့ သူတို့အသက်အရွယ်နဲ့
ညီမျှတဲ့ ဆွေးနွေးမူ တင်ပြမူ
တစ်ယောက်ယောက်က ရှေ့ထွက်ပြီး Presentation လုပ်နေတဲ့အချိန်
သေသေချာချာ လေးလေးစားစား မျက်စိရော နားရော အတွေးတွေရော
Presenter တွေဆီစုပြုံရောက်နေဖို့
Presentation မလုပ်ခင် ဘွဲ့နာမည် စသည် မိတ်ဆက်တတ်ဖို့
အချင်းချင်း ကြားထဲမနာလိုစိတ်မဖြစ်စေပဲ ၈ုဏ်ယူတတ်ဖို့
လေ့လာ အတုယူတတ်ကြဖို့
အလှည့်ကျ တာဝန်ယူမူ
၀ိုင်းဝန်းပံ့ပိုးမူ
In charge တစ်ပါးက Process improvement တွေကို
ဆင့်ကဲ စုပေါင်း ဆွေးနွေးမူပေါ့
ဘာတွေသင်ခန်းစာရလိုက်တယ်
ဘယ်လိုတွေခံစား၇တယ်
ဘယ် လိုအတွေ့အကြုံ (ခါးသီးတဲ့ အရာဖြစ်ဖြစ် အမှတ်ရစရာကောင်းတာလေးပဲဖြစ်ဖြစ်) ဆွေးနွေးကြရင်း ဆရာနဲ့ တပည့်ကြားဖြစ်ဖြစ် သီတင်းသုံးဖေါ်အခြင်းခြင်းကြားထဲဖြစ်ဖြစ် သူတို့ပြောလို့ အဆင်ပြေတဲ့ ကိစ္စလေးတွေ ရင်ဖွင့်ကြ ခွင့်လွတ်ကြ သတိထားကြ ....... သင်ခန်းစာရလိုက်တာတွေ သင်ယူမူရလိုက်တာတွေကနေ
ဘ၀မှာ ဘယ်လိုပြန်အသုံးချစရာရလိုက်တယ်ပေါ့
ဇာတကတစ်ပုဒ်လေးပဲဖြစ်ဖြစ် ဝါကျတစ်ကြောင်းလေးပဲဖြစ်ဖြစ်ပေါ့....
သတိရပါတယ်...... တစ်နေ့တော့ ပြန်လုပ်နိင်ဦးမှာ ပါ
စာသင်ရင်း Personal Growth ပါ တပြိုင်နက် ပေါ့
သူတို့အတွေ့အကြုံတွေကို နားထောင်ပေးတာ
ဝေငှခွင့်ပြုတာ
စသည်စသည်ပေါ့...
ကာလာ စုံလေးတွေနဲ့ ထင်ထင်ခြားခြား ကွဲကွဲပြားပြားနဲ့ ရှင်းလင်းမူဖြစ်အောင် ကာလာပရင်တာလေးတွေ ပလပ်စတစ်လောင်းတဲ့ စက်လေးတွေ
အချိန်ကတော့အတော်ပေးရတာပေါ့
Topice တစ်ခု သင်ပေးဖို့ အနည်းဆုံး teaching Aid တွေ Lesson Plan တွေပြင်ဆင်ရတာ နေရာထိုင်ခင်း Setting တွေ EHD တွေ ချိန်ညှိရတာတွေကတော့ အတော်လေး ပေးရတာပေါ့....။
ပြင်ဆင်မူ ပေါ့ပေါ့တန်တန်(စေတနာ) အားနည်းရင်
ဝိရိယအားနည်းရင် အဲဒီနေ့ရဲ့ သင်ခန်းစာမှာ
မျော်မှန်းတဲ့ Goal ကို Meet မဖြစ်သွားတာမျိုး .....
စာသင်ခြင်းအနုပညာ ဟာ
ပန်းတိုင်
ရည်မှန်းချက်
ရည်ရွယ်ချက်
ရည်ရွယ်ချက်ကိုရောက်အောင် ပံ့ပိုးပေးတဲ့ သင်ခန်းစာပလန်တွေ
သင်ထောက်ကူပစ္စည်းတွေ
စေတနာတွေ
ဝါသနာတွေ
နဲ့ ဟန်ချက်ညီအောင် သွားကြရတဲ့ ခရီးဖြစ်လေတယ်
စာဖြေရမှာ ကြောက်နေတဲ့ ကလေးတွေကို
မဲလိပ် နှိပ်တဲ့ပုံစံမျိုး နဲ့ သင်ကြားတတ်မြောက်မူကို
Run through အကဲဖြစ်တာမျိုး
ရေးဖြေဖြေခိုင်းတာမျိုး
လွတ်သွားတဲ့နေ့ရဲ့ သင်ခန်းစာအတွက် Gurdianship ( Group leader , Second Leader) စသူတွေက တာဝန်ယူပြီး ဆွေးနွေပေးတာ
review Excises လုပ်ပေးတာ memory Recall လုပ်ပေးတာ
သူတို့အမှတ်ရဆုံးသင်ခန်းစာ အကြိုက်ဆုံးသင်ခန်းစာတွေကို ပြန်ပြောင်းပြောခိုင်းတာ မျိုးနဲ့ မရလိုက်တဲ့ သင်ခန်းစာတွေကို ရလာစေဖို့
စသည်ဖြင့် စနစ် နည်း ဗျူဟာ အမျိုးမျိုးချကာ ထောင့်ပေါင်းစုံဘက်ကနေ
Educational Psychology သဘောသဘာ၀တွေ
Child ဆိုလဲ သူ့ level CCA လေးကိုသုံးပေါ့
Adult Learner တွေအတွက်ကြတော့လဲ သူ့ နည်းစနစ်နဲံသူပေါ့
တကယ်တော့ စာသင်ခြင်းဟာ အနုပညာတစ်ခုဖြစ်လေတယ်
ပန်းပျိုးခြင်းဖြစ်လေတယ်
သူတို့လွယ်လွယ်ကူကူ သင်ယူနိုင်အောင် လုံ့စိုက်ထုတ်ရမူ
သူတို့လှလှပပ ဖွံဖွ့ံထွားထွား ရှင်ရှင်သန်သန်ဖြစ်လာဖို့ဆိုရင်
အများကြီး ကြိုးစားအားစိုက်ခဲ့တဲ့ ဒီသင်ကြားပို့ချမူတို့သည်
လွယ်ကူသော အကျင့်
လျှင်မြန်သောအသိ တို့ဖြင့်
အမတပြည်နန်းကို ရခြင်း ရောက်ခြင်း မျက်မှောက်ပြုခြင်းအတွက်
အင်မတန်အားကြီးသော အကြောင်းအထောက်အပံသည် ဖြစ်ပါစေ...။