Dhamma · Reflection · Statements · Peaceful Communication
Archive and publication page · Use Search, Topics, or the Month & Year archive to locate related materials.

Office Of Siridantamahapalaka: Happy Myanmar New Year

Chronological Archive

Happy Myanmar New Year

17.4.2024 မြန်မာနှစ်ဆန်း (1) ရက်။ ယနေ့ မြန်မာနှစ်ဆန်း (1) ရက်နေ့မှစ၍ မိမိတို့၏ မိဘဆရာသမားဆွေမျိုးညီအကိုမောင်နှမ ဒကာဒကာမတို့မှအစပြု၍ မြန်မာနိုင်ငံသားအားလုံး ကျန်းကျန်းမာမာ ချမ်းချမ်းသာသာဖြင့် သူတော်ကောင်းတရားများ ပွားများအားထုတ်နိုင်ကြပါစေ။ မင်းကောင်းမင်းမြတ်များနှင့်သာ ကြုံတွေ့နိုင်ကြပါစေ။ မည့်သည့်ဒေသတွင်မှ စစ်ဘေးရှောင်ရသည်များ မရှိပဲ မိမိတို့၏နေရာဌာန အသီးသီး၌သာ အေးချမ်းသာယာစွာ လုပ်ကိုင်စားသောက်နိုင်ကြပါစေ။ ကလေးငယ်များအားလုံး မည်သည့်ဘေးရန်မှ မကြုံတွေ့ရပဲ မိသားစုနှင့်အတူတူ ချစ်ချစ်ခင်ခင်နေထိုင်ကာ စားစရာ ဝတ်စရာပြည့်စုံ လုံလောက်စွာဖြင့် အေးချမ်းစွာ ပညာသင်ကြားနိုင်ကြပါစေ။ လူငယ်လူရွယ်များ ဘေးရန်ကင်းစွာ စိတ်ချမ်းသာစွာဖြင့် မိမိတို့၏ဘဝ ကြီးပွားရာကြီးပွားကြောင်း ရည်ရွယ်ချက်ပန်းတိုင်များကို အကောင်အထည်ဖော်နိုင်ကြပါစေ။ မြန်မာနိုင်ငံတော်ကြီး ယနေ့နှစ်ဆန်း (1) ရက်နေ့မှစ၍ အမြဲတန်း အေးချမ်းသာယာပါစေကြောင်း ဆုတောင်းမေတ္တာပို့သလိုက်ရပါသည်။